Music Producer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အချက်(၁၀)ချက်




#1: Quantity over Quality
ဒါကတော့ များများ ဖန်တီးပါလို့ အဓိပ္ပာယ်ရပါတယ်။
အကောင်းဆုံးနည်းလမ်းက တစ်ခုကောင်းဖန်တီးတာမဟုတ်ပါဘူး။ အများကြီး ဖန်တီးပြီးမှ ကောင်းတဲ့ဟာ(အများလက်ခံတဲ့အရာ) တစ်ခုတစ်လေပါလာတာမျိုးပါ။
များများဖန်တီးခြင်းအားဖြင့် ဘာအကျိုးတွေရလဲဆိုတော့
များများလုပ်ရင် ထပ်ခါထပ်ခါ လုပ်ဖြစ်ပါတယ်။ခက်ခဲတဲ့အပိုင်း(ဉပမာ-mixing) တွေကို ထပ်ခါထပ်ခါ လုပ်မိပါလိမ့်မယ်။ 
ဒါကြောင့် ပိုကျွမ်းကျင်လာပါလိမ့်မယ်။

Producer A နဲ့  B ရှိတယ်ဆိုပါဆို့။
Producer A ကသီးချင်းတစ်ပုဒ်ပြီးအောင် သုံးလအချိန်ယူတယ်။ သူ melody တွေကိုလည်း တစ်ကြိမ်ပဲရေးရတယ်။၊
chord progression ကိုလည်းတစ်ခါပဲရေးရတယ်။ သီးချင်းတစ်ပုဒ်ကိုလလည်းတစ်ခါပဲ arrange လုပ်ရပါတယ်။

Producer B ကတော့ သုံးလအတွင်းမှာ တစ်ပတ်ကို သီးချင်းသုံးပုဒ်ဖန်တီးပါတယ်။မြန်မြန်ဆန်ဆန်ပဲသွားပါတယ်။
သူ melody ကို အကြိမ်လေးဆယ် ရေးဖြစ်ပါတယ်။ chord progression ကိုလည်း အကြိမ်လေးဆယ်ရေးဖြစ်ပါတယ်။
သူထပ်ခါထပ်ခါလုပ်ဖြစ်တဲ့အရာတွေများပါတယ်။ ဒါကြောင့်ခက်ခဲတဲ့ အရာတွေကို မြန်မြန်လုပ်တက်လာပါတယ်။

သုံးလကုန်ဆုံးတဲ့ အခါမှာ ဘယ်သူကပိုပြီး ကောင်းတဲ့ သီးချင်းတပုဒ်ကိုဖန်တီးနိုင်မလဲ။

Music Producers တွေထဲက ၇၀% က track တွေဘယ်လိုအဆုံးသတ်ရမလဲဆိုတာကိုအခက်တွေကြရပါတယ်။
စတင်လေ့လာသူတွေအတွက်တော့ အရာရာတိုင်းက အခက်တွေ့နေမှာပါ။
ဒါပေမဲ့ project တစ်ခုကစပီးတာနဲ့ ပီးအောင်တီးပါ လိုအပ်တာတွေကို လည်းပါအောင်ထည့်တီးပါ။

ကဲ အခုပဲ project တစ်ခုကို create လုပ်ပီး ပြီးအောင်စတီးလိုက်ပါ။
တစ်ခုပြီးသွားရင်နောက်ထပ်တစ်ခုကို ထပ်ပီး စလိုက်ပါ။




#2: USE DEEP WORK STRATEGIES
Music ဖန်တီးတဲ့နေရာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဒီနှစ်ခုကိုသိထားသင့်ပါတယ်။
Deep Work(ကြီးကြီးမားမားလုပ်တာ) နဲ့ Shallow Work(သေးသေးလုပ်တာ)

Deep Work ဆိုတာ
သေချာအာရုံစိုက်ပြီး၊ စဉ်းစားဖန်တီးတာကိုပြောတာပါ။အားစိုက်မှုတွေလည်း အများကြီးထည့်ထားပီး ဖန်တီးတာမို့ တစ်ခြားသူကူးချချင်တယ်ဆိုရင်တောင်မှ 
မလွယ်ကူပါဘူး။Shallow Work ကတော့ ဆန့်ကျင်ဘက်ပေါ့။
ဖန်တီးသူတစ်ယောက်အနေနဲ့ Deep work လုပ်သင့်ပါတယ်။သေချာကြိုးစားမှ တိုးတက်မှုရှိမှာလည်းဖြစ်ပါတယ်။
စလုပ်ပီ ဆိုတာနဲ့ ဖုန်းကိုပိတ်၊ တံခါးကိုပိတ်ပြီး နာရီအနည်းငယ်ကြာအောင် ထိုင်ပီးလုပ်သင့်ပါတယ်။အဲ့ဒါမှလည်း အာရုံပိုစိုက်နိုင်မှာဖြစ်ပါတယ်။



#3: EMBRACE THE STRUGGLE(အခက်အခဲတွေကိုလက်ခံပါ)
နေ့တိုင်းပြင်းပြင်းထန်ထန် လေ့ကျင့်စရာမလိုပါဘူး။ အဲ့ဒါကသင့်ကိုငြီးငွေ့စပါလိမ့်မယ်။ပင်ပန်စေပါလိမ့်မယ်။ 
ဘယ်အနုပညာမဆိုခက်ခဲတာချည်းပါပဲ။ ဒါမှမဟုတ်ပဲလွယ်ကူပါတယ်လို့ ထင်နေသေးရင်စိတ်ကူးယဉ် နေတုန်းပဲရှိသေးတယ်လို့သာမှတ်လိုက်ပါ။
အခက်အခဲဆိုတောတော့ မကောင်းပါဘူး။ သေချာကြိုးစားရင် ခက်ခဲတာကို ရင်နှီးအောင်လုပ်ပီး၊ စိတ်ကူးထဲက သံစဉ်တွေကို အကောင်အထည်ဖော်လိုက်ပါ။





#4: SET GOALS
ပန်းတိုင်ချမှတ်တာပါ။ ပန်းတိုင်ကို သင့်ကို producer ကောင်းတစ်ယောက်ဖြစ်စေမှာတော့မဟုတ်ပါဘူး။ 
ငါဘာလိုချင်လဲ? ဆိုပီး ကိုယ့်ကိုကိုယ်မေးခြင်းဖြစ်ပါတယ်။လူလေးစားခံချင်တာလား?။ ပိုက်ဆံရှာချင်တာလား၊ တစ်ခုခုကိုရွေးချယ်ရပါမယ်။
ကိုယ်ဖြစ်ချင်တာအတွက် ဒီတပတ်ရအောင်လုပ်မယ်၊ နောက်အပတ်ရအောင် လုပ်မယ် စသဖြင့်ကို့ယ်ကိုကိုယ် သိစေရန်အတွက် ရည်မှန်းချက်ထား
စေချင်တာဖြစ်ပါတယ်။

#5: CREATE SYSTEMS
လူတော်တော်များများက နှစ်ကုန်ရင်ဆုံးဖြတ်ချက်တွေချ ကြပီးနောက်နှစ်ရောက်ရင်မလုပ်ဖြစ်ကြတာများပါတယ်။
စပီးဆုံးဖြတ်ချက်ချတုန်းကတော့ တကယ်ပဲလုပ်တော့မလိုလိုနဲ့ နောက်တစ်ရက်နှစ်ရက်နေရင်မလုပ်ဖြစ်ကြတော့ပါဘူး။
အဲ့ဒါကြောင့်မို့ တစ်နေ့ကို တစ်နာရီဖြစ်ဖြစ်၊ နှစ်နာရီဖြစ်ဖြစ် Music Production အတွက်အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ပီး
လုပ်ဖြစ်အောင်လုပ်ပါ။ တစ်နှစ်မကြာပါဘူး သင် Producer တစ်ယောက်ဖြစ်လာပါလိမ့်မယ်။




#6: Dunning-Kruger Effect 
Confidence level ကိုပြတဲ့ Graph 
Confidence level ကိုကြည့်ပြီးတော့ ဒီကောင် ဘယ်လောက်တက်နေပီလဲဆိုတာ ကိုမှန်းလို့ရပါတယ်။ 
ဘာမှမသိသေးခင်မှာ confidence level က so so high(double so high) နေပီးတော့
အတွေ့အကြုံတွေရှိလာ တဲ့ အခါမှာတော့ စိုးရိမ်တာတွေများပြီး confidence level ကျလာပါတယ်။ ကျွမ်းကျင်သွားပီဆိုရင်တော့ confidence level က တည်ငြိမ်သွားပြီလို့ပြောလို့ရပါတယ်။


#7: LEARN DELIBERATELY
ဘာကိုလေ့လာရမလဲရှုပ်ထွေးခြင်း၊ ဒါကတော့မဖြစ်သင့်ပါဘူး။
ကိုယ်က Music Production လုပ်ချင်တယ်ဆိုရင် သူနဲ့ဆိုင်တာတွေကိုလေ့လာရမှာပါ။
တူရိယာတစ်ခုခု၊ Music Theory၊ DAW Software တစ်ခုခု၊(ဉပမာ - FL Studio,Ableton Live)
ဒါတွေသိရမယ်။ အဲ့ဒါဆို နည်းနည်းချင်းဆီစပြီးလေ့လာရင် နောက်ဆုံးကျွမ်းကျင်လာမှာပါပဲ။



#8: LEARN MUSIC THEORY
ဒါကတော့ပြောစရာမလိုပါဘူး။ Music Production လုပ်မှာဖြစ်တဲ့အတွက် Music Theory ကတော့ သိရမှာပဲဖြစ်ပါတယ်။
Music Theory ကိုသိကိုသိမှဖြစ်မယ်တော့မဟုတ်ပါဘူး။
သိခြင်းအားဖြင့် ပိုဖန်တီးနိင်ပါလိမ့်မယ်။ ဘာလိုလဲဆိုရင် DAW software တွေမှန်သမျှက Theory
တွေအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။ အချိန်တွေလည်း အကုန်သက်သာပါလိမ့်မယ်။ တခြားသူတွေဖန်တီးထားတာတွေကိုလည်း
ပိုပီးလေ့လာနိင်ပါတယ်။
 
#9: ANALYZE OTHER MUSIC
စာရေးစရာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စာများများဖတ်ရပါတယ်။
ဟောပြောကောင်းတဲ့သူတစ်ယောက်ကလည်း တခြားဟောပြောသူတွေ ပြောဆိုတာကို လေ့လာရပါတယ်။
အဲ့ဒီလိုပါပဲ Music Producer တစ်ယောက်ကလည်း တခြားသူတွေဖန်တီးထားတာတွေကိုများများနား
ထောင်ပီးလေ့လာရပါမယ်။



#10: READ MORE BOOKS
နောက်ဆုံတစ်ခုကတော့ စာများများဖတ်ပါ။
စာအုပ်တွေကသင့် ကိုအောင်မြင်စေပါလိမ့်မယ်။
ဘယ် ဂီတတွေ ဘယ်ခုနှစ်တွေမှာအောင်မြင်ခဲ့တယ်။ ဖန်တီးသူတွေဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို သင်စာအုပ်တွေထဲမှာရှာဖွေနိုင်ပါလိမ့်မယ်။

အောင်မြင်တဲ့ Music Producer တွေဖြစ်ကြပါစေ။
#FL Studio Myanmar



Post a Comment

0 Comments