Tips for song writing (သီချင်းရေးတဲ့အခါသိထားစရာလေးတွေ)
တစ်ခုကြိုပြောထားချင်တာက ကျွန်တော်တို့ရေးထားတဲ့ သီချင်းတစ်ပုဒ်မှ နမည်မကြီးသေးဘူးဆိုတာပါပဲ။အခုဟာက Tips လေးတွေမျှဝေချင်ယုံသက်သက်ပါ။ သီချင်းစရေးသူ(beginner) များအတွက်ရည်ရွယ်ပါတယ်။
သီချင်းတစ်ပုဒ်ကို ထုတ်လုပ်ရတာအရမ်းခက်ပါတယ်။ ဘာကခက်တာလဲဆိုတော့သီချင်းရေးရတာပါ။
ဒီအချက်တွေကတော့ သီချင်းစရေးတဲ့သူတွေအတွက်အသုံးဝင်ပါလိမ့်မယ်။ အချက် ၅ ချက်ကိုမိတ်ဆက်ပေးထားပါတယ်။ သီချင်းတွေမရေးခင်မှာ Chord Progression ကိုတော့သိထားဖို့လိုပါတယ်။ ဂီတပညာရှင်အများစုကတော့ ကောင်းကောင်းမလိုက်နာပါဘူး။ လူဆိုတဲ့အသံ(Vocal) ပါမှ Song လို့ အကြမ်းဖျင်း သတ်မှတ်ပါတယ်။ လူဆိုတဲ့အသံ( Vocal) မပါရင်တော့ Music ဒါမှမဟုတ် Track တစ်ခုလို့သတ်မှတ်ပါတယ်။ ကဲ့ အချက် ၅ ချက်က ဘာတွေလဲဆိုတော့ -
Tip 1: Make Your Melody ‘Singable’(ကိုယ့်ရဲ့ သံစဉ်ကို ကဗျာတစ်ပုဒ်လို ဖန်တီးလိုက်ပါ)
Tip 2: Leave Space for Your Vocal(Vocal အတွက်ထည့်စဉ်းစားပါ)
Vocal မထည့်ခင်မှာ track ထဲမှာ တစ်ခြားတီးထားတာတွေ အများကြီးမထည့်ထားပါနဲ့။ တီးထားတာတော့ဘာမှမဖြစ်ပါဘူး track ထဲမှာ မထည့်ထားဖို့ပါ။( FL Studio မှာဆိုရင် playlist မှာအများကြီး ထည့်မထားဖို့ပြောတာ)
Vocal ထည့်ပီးမှ တစ်ခြားတူရိယာတွေကို ဆက်တီးကြည့်ပါ။ Vocal မထည့်ခင် တီးထားတာတွေအများကြီးထည့်ထားရင်တော့ ဟိုဟာရွှေ့လိုက် ဒီဟာ ရွှေ့လိုက်နဲ့ ပြီးမှာကိုမဟုတ်တော့ပါဘူး။
Vocal စမ်းတုန်းမှာ track ထဲမှာ Drum pattern တွေ၊ Chord progression တွေ၊ Bass line တွေ၊ Background Noice (atmosphere) တို့လို့ ဟာတွေကလွဲပီးကျန်တာတွေထည့်မထားသင့်ဘူးလို့ အကြံပြုကြပါတယ်။
Tip 3: Keep Things Interesting Yet Repetitive(စိတ်ဝင်စားတဲ့အရာတွေကို ခဏခဏထည့်ပါ)
Tip 4: The Verse/Chorus Structure Works For a Reason(Verse နဲ့ Chorus ကိုလည်း သူ့ရဲ့ structure အတိုင်းထည့်ပါ)
Verse နှစ်ခုပီး Chorus တို့၊ Verse နဲ့ Bridge ပီးရင် Chorus တို့၊ Verse တစ်ခုပီးရင် Chorus တို့
အဲ့လိုမျိုး သူ့ရဲ့ ပုံစံအတိုင်းလည်းသွားသင့်ရင်သွားပါ။ ဒါက ရှေးရိုးဆန်တယ်ဆိုပေမဲ့ You Were Right ဆိုတဲ့ edm song တစ်ပုဒ်မှာ အဲ့လိုရှေးရိုးအတိုင်းကိုပဲ အရမ်းနားထောင်လို့ကောင်းပါတယ်။
0 Comments