Home Studio တစ်ခုကို ဘယ်လိုဒီဇိုင်းချမလဲ?...

 Home Studio တစ်ခုကို ဘယ်လိုဒီဇိုင်းချမလဲ?...


ပထမဆုံးကတော့ ကိုယ်သုံးမဲ့ ပစ္စည်းတွေကိုအရင်ဝယ်ရပါမယ် ပီးမှဘယ်လိုထားမလဲစဥ်စားတာပေါ့။

အဓိက ထားရတာကတော့ Studio Monitors(Speakers) နဲ့ Acoustic treatment(ဖော့တွေဘာတွေကပ်တာ) တွေပါပဲ။


Edm တွေပဲ အဓိကတီးမယ်ဆိုရင်တော့ Acoustic treatment တွေကသိပ်မလိုပါဘူး။(Studio အသေးတွေအတွက်ပြောတာပါ)

Production အတွက် standard studio တစ်ခုလုပ်မယ်ဆိုရင်တော့ အရေးကြီးပါတယ်။



Step #1: Find A Space(နေရာတစ်ခုရှာရမယ်)

နမည်ကြီး Producer တစ်ယောက်ဖြစ်တဲ့ John Cleese ကတော့ သီးသန့်နေရာတစ်ခုဖြစ်ဖို့အရေးကြီးပါတယ်တဲ့။

အောက်ကပုံကတော့ Home Studio တစ်ခုရဲ့ပုံစံပါ။အရမ်းရိုးရှင်းပါတယ်။



ဒီအချက်တွေကိုတော့ စဥ်းစားရပါလိမ့်မယ် -
  • ကိုယ့်အိမ်ရဲ့ နေရာကန့်သက်ချက်ကိုသိနေပါ
  • အခန်းရဲ့ Acoustics ပိုင်းမှာဆိုရင်
    • မျက်နှာကျက် အမြင့်တွေကိုရှောင်ပါ
    • လေးထောင့်မဟုတ်တဲ့ အခန်းတွေကိုရှောင်ပါ
    • အလင်းပြန်တဲ့ နေရာတွေကိုရှောင်ပါ(ဥပမာ-ပြတင်းပေါက်)
  • တကယ်လက်တွေ့မှာဘယ်လိုနေရာမျိုးရနိုင်လဲ သိပါ
  • ပတ်ဝန်းကျင် ဆူညံသံတွေ အနှောက်အယှက်တွေ ဒါတွေကိုထည့်စဥ်းစားရပါမယ်။



Step #2: Arrange & Optimize(အစီအစဥ်ချမယ်)
ကိုယ်တိုင်ခံစားပီးဖန်တီးတဲ့အပိုင်းများများပါရမယ်။ reflections နည်းနိုင်သမျှနည်းရမယ်။(ပဲ့တင်သံ၊ အလင်းပြန်)
အရမ်းကောင်းတဲ့အခန်းတစ်ခုကိုလုပ်မယ်ဆိုရင်တောင်မှ Acoustics ကိုထည့်စဥ်းစားသင့်ပါတယ်။

အရင်ဆုံး ကိုယ်နေရာကဘယ်လိုနေရာမျိုးလဲ သိပြီ။
အခန်းထောင့်လား?။အခန်းတစ်ခုရဲ့အလည်မှာလား?။
ကြမ်းခင်းက ကော်ဇောလား?။ကောဇာတွေကရော အသံတွေစုပ်ယူနိုင်သလား?။ စမ်းကြည့်ရပါမယ်။
empty room effect လို့ခေါ်တဲ့ ဟိန်းသံ(sound reflections)ကိုအဓိကရှောင်ရပါမယ်။အသံစုပ်တဲ့ ရေမြှပ်ဖော့တွေ၊ဆိုဖာစတွေထားခြင်းဖြင့် 
ဟိန်းသံကိုလျော့ချနိုင်ပါတယ်။

ဒုတိယအရေးကြီးတာတစ်ခုက Studio monitor ကိုထားတဲ့အပိုင်းပါ။
ပုံကိုတစ်ချက်ကြည့်ပါ။
Studio Monitor Placement


Monitor တွေထားတဲ့နေရာမှာ -
  • ear level လို့ဆိုတဲ့ နားနဲ့တစ်တန်းတည်း ထားပါ
  • တြိဂံ ပုံစံမျိုးထားပါ(speackers တွေကို ကိုယ့်ဘက်ကိုပဲလှည့်ထားခိုင်းတာ)
  • speakers တွေကိုတုန်ခါမှုမရှိတဲ့ နေရာတွေမှာထားဖို့အရေးကြီးပါတယ်။
  • speakers တွေကိုနံရံနဲ့ နည်းနည်းခွာထားပါ

Ear Level


Studio Monitors တွေကိုထားပြီးသွားပီဆိုရင်တော့ စားပွဲတစ်လုံးပေါ်မှာကျန်တဲ့ keyboard,laptop,audio interfaces စတာတွေကိုအဆင်ပြေသလိုထားလို့ရပါပီ။


Step #3: Test & Adjust
အားလုံးကို စိတ်ကြိုက်ထားပီးသွားပီဆိုရင်၊ ပလပ်တွေလည်းသေချာထိုးပြီးသွားပီဆိုရင် တော့ သေချာအလုပ်လုပ်ရဲ့လားဆိုတာစစ်ဆေးပါ။
ဒီအချက်တွေပါအောင်စစ်ပါ - 
  • Audio interface ကိုကွန်ပျူတာကသိရဲ့လား၊ connected ဖြစ်ရဲ့လား။
  • Monitors တွေရော အသံအကုန်ထွက်ရဲ့လား။နှစ်လုံးရှိရင် အသံတူရပါမယ်။ဒါမျိုးတွေအလုပ်လုပ်ရဲ့လား။
  • Microphone ရောအလုပ်လုပ်ရဲ့လား၊ Audio interface နဲ့ချိတ်ဆက်ရဲ့လား။လိုအပ်ရင် LINE/INST ခလုတ်တွေကိုကစားပေးရပါမယ်
  • ပဲ့တင်သံတွေအတက်နိုင်ဆုံးနည်းရဲ့လား။(ဒါကတော့အခန်းပေါ်မှာမူတည်ပါတယ်)
  • MIDI devices တွေရောအကုန်အလုပ်လုပ်ရဲ့လား။
  • Computer Operating System ကော Update ဖြစ်ရဲ့လား။
  • DAWs တွေ plugins တွေရော အလုပ်လုပ်လား။
  • စားပွဲခုံ ကိုလည်း eye level မှာထားရပါမယ်။
ဒါတွေလုပ်ပီးသွားရင်တော့ Music ကောင်းကောင်းတွေကိုဖန်တီးနိုင်ပါပြီ။
ကုန်ကျစရိတ်ကတော့ ကိုယ်သုံးမဲ့ပစ္စည်းတွေပေါ်မှာမူတည်ပါတယ်။



edmprod မှဘာသာပြန်သည်။
#FL Studio Myanmar


Post a Comment

0 Comments