ကိုဟယ်ရီလွင်ရဲ့ Blog ကနေကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်
Treble Clef (G Clef)
အခု Clef ရေးပုံရေးနည်းကို စကြည့်ပါမယ်။ Treble Clef (G Clef) ကို ရေးရင် အောက်ဆုံးဒုတိယမြောက်မျဉ်းပေါ်ကနေ စပြီးဆွဲ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ လိုင်းဟာ G line ဖြစ်တဲ့အတွက်ပါပဲ။ G line ပေါ်မှာ စရေးတဲ့အတွက် သူ့ကို G Clef လို့ခေါ်ပါတယ်။ Notes တွေရဲ့ နာမည်တွေ ရှင်းတဲ့အခါ သိသွားပါလိမ့်မယ်။ အောက်မှာ ရေးပုံအဆင့်ဆင့်ကို ကြည့်ပါ။ ပြီးရင် စမ်းရေးကြည့်ကြပါဦး။
G Clef ကို Wind Instrument တွေဖြစ်တဲ့ bagpipes, violin, flutes, oboe, English horn, all clarinets, all saxophones (baritone sax မှလွဲ၍), horn, euphonium (တခါတရံ), trumpet တို့အတွက်၊ String instrument တွေဖြစ်တဲ့ guitar, vibraphone, xylophone နဲ့ handbells တွေ အတွက်နဲ့ keyboard instruments တွေဖြစ်တဲ့ piano, organ, harp, နဲ့ harpsichord တို့ရဲ့ အမြင့်သံတွေ အတွက် နုတ်ရေးတဲ့အခါမှာ သုံးပါတယ်။ ဂီတမှာ အသုံးအများဆုံး Clef ပဲဖြစ်ပါတယ်။ ဒါတွေကတော့ ဗဟုသုတအနေနဲ့ သိသာဖို့ တင်ပြခြင်းပဲဖြစ်ပါတယ်။
Bass Clef (F Clef)
Bass Clef (F Clef) ကို ရေးရင် အပေါ်ဆုံးဒုတိယမြောက်မျဉ်းပေါ်ကနေ စပြီးဆွဲ ရပါတယ်။ အဲဒီမျဉ်းဟာ F line ဖြစ်တဲ့အတွက်ပါပဲ။ F line ပေါ်မှာ စရေးတဲ့အတွက် သူ့ကို F Clef လို့ခေါ်ပါတယ်။ အောက်မှာ ရေးပုံအဆင့်ဆင့်ကို ကြည့်ပါ။ အရေးကြီးတာက နောက်ဆုံးထည့်တဲ့ အစက် (၂)စက်ဟာ အဲဒီ အပေါ်ဆုံးဒုတိယမြောက်မျဉ်းရဲ့ အပေါ်နဲ့အောက်မှာ ခွထားရမှာဖြစ်ပါတယ်။ စမ်းရေးကြည့်ကြပါဦး။
Bass Clef (F Clef) နောက်တမျိုးကလည်း ဆွဲပုံချင်း၊ နေရာချင်း အတူတူပါပဲ။ လှည့်တဲ့ဖက်ပဲ ကွာတာပါ။
Bass Clef (F Clef) ကတော့ အသံနိမ့်တူရိယာတွေဖြစ်တဲ့ bass guitar, cello, euphonium, double bass, bassoon, contrabassoon, trombone, tuba နဲ့ timpani တို့အတွက်၊ keyboard instruments တွေဖြစ်တဲ့ piano, organ, marimba နဲ့ harpsichord တို့ရဲ့ အနိမ့်သံတွေအတွက် နဲ့ horn ရဲ့ အနိမ့်သံတွေအတွက် နုတ်တွေရေးတဲ့အခါမှာ သုံးပါတယ်။
C- Clef
C- Clef ဆွဲပုံဆွဲနည်း အသေးစိတ်တော့ မပြတော့ပါဘူး။ ဂီတာမှာ လုံး၀ မသုံးပါဘူး။ မှတ်ထားဖို့ကတော့ သူက အလယ်ခေါင်တည့်တည့်ကနေ ခွဆွဲထားတဲ့ မျဉ်းဟာ C line ဖြစ်သွားပါတယ်။ အောက်မှာ ပြထားတာက ယခုခေတ်မှာ အသုံးများတဲ့ C- Clef (၂)မျိုးဖြစ်တဲ့ Alto Clef နဲ့ Tenor Clef တို့ဖြစ်ပါတယ်။
တခြား C- Clef တွေဖြစ်တဲ့ Baritone Clef, Mezzo-soprano Clef နဲ့ Soprano Clef တွေကတော့ ဒီဘက်ခေတ်မှာ မသုံးသလောက်ဖြစ်နေပြီမို့ မပြတော့ပါဘူး။ ရှိခဲ့ဖူးတယ် လို့ သိထားရင် လုံလောက်ပါပြီ။
Clef Sign တွေကို အမြဲတမ်း Staff တိုင်းရဲ့ ဘယ်ဘက် စစချင်းမှာ ရေးရပါတယ်။ Notes တွေကို ဖတ်တာကတော့ ဘယ်ဖက်ကနေ ညာဖက်ကို ဖတ်ရပါတယ်။ စာဖတ်တဲ့ အတိုင်းပါဘဲ။
Clef Sign တွေ အကြောင်းသိသွားပြီးပြီဆိုတော့ အဲဒီ သက်ဆိုင်ရာ Clef တွေရေးထားတဲ့ Staff တွေပေါ်က Note တွေကို စဖတ်လို့ ရပါပြီ။
0 Comments