Rudiments & Theory of Music (1)

ကိုဟယ်ရီလွင်ရဲ့ Blog ကနေကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်


ဒီနေ့ ဂစ်တာသမားအများစုဟာ Tablature ကိုပဲ အားကိုးပြီး တီးခတ်နေကြတာကျနော်သတိပြုမိပါတယ်။ တကယ်တမ်းကြည့်မယ် ဆိုရင် Tablature ဟာ တီးခတ်မှုပိုင်းအတွက် အထူး အသုံးဝင်ပေမယ့် ဂီတကို နက်နက်နဲနဲ လေ့လာလိုက်စား မယ် ဆိုရင်တော့ Music Theory ကို လေ့လာရမှာဖြစ်ပါတယ်။ ဒီလိုလေ့လာတဲ့အခါမှာ 'ပဲတီပင်ပေါက်နုတ်' လို့ခေါ်နေကြတဲ့ Pucca Notation သို့မဟုတ် International Notes ကို နားလည်တတ်ကျွမ်းဖို့ အထူးလိုအပ်ပါတယ်။ အဲဒီတော့ ဒီ notes တွေကို ဖတ်တတ်ဖို့အတွက်က Rudiments of Music ကို သိမှဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျနော် တတ်နိုင်သမျှ ဒီကွက်လပ်ကလေးကို ဖြည့်ပေးချင်တဲ့အတွက် ဒီကဏ္ဍ ကို စတင် လိုက်ပါတယ်။ မြန်မာမိသားစု ဖိုရမ် (http://www.myanmarfamily.org) မှာလည်း ကျနော် ရေးသားနေဆဲဖြစ်ပါတယ်။ အဲဒီမှာ သွားရောက် ဖတ်ရှုနိုင်သလို ဒီမှာလည်း တင်ပေးထားပါမယ်။ ဒီကဏ္ဍကတော့ International Note ကို လုံးဝမတတ်ကျွမ်းတဲ့ သူတွေ အတွက်အထောက်အကူရစေရန်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ပညာရှင်များအတွက်မဟုတ်ပါဘူး။


Rudiments of Music

ဂီတသင်္ကေတအကြောင်းပြောရင် ဂီတမှာ အသံဘယ်နှစ်မျိုးရှိသလဲဆိုတာ အရင်ပြောရပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ C-D-E-F-G-A-B ဆိုပြီး အသံ (၇)မျိုး ရှိပါတယ်။ Piano မှာကြည့်ရင် ခလုတ်အဖြူတွေဟာ ဒီအသံ (၇) မျိုးကို ကိုယ်စားပြုထားတာပါ။ ဒီအသံတွေကို သင်္ကေတနဲ့ ရေးပြတဲ့အခါ အဲဒီ အသံတွေကိုပဲ နုတ် (Note) လို့ ခေါ်တာဖြစ်ပါတယ်။

 

Staff

အဲဒီတော့ ဒီ Note တွေကို ဂီတသင်္ကေတနဲ့ ရေးတဲ့အခါမှာ Staff လို့ ခေါ်တဲ့ မျဉ်းပြိုင် (၅) ကြောင်းပေါ်မှာ တင်ပြီး ရေးပါတယ်။

ဒီတော့ အခြေခံအားဖြင့် မျဉ်းပြိုင် (၅) ကြောင်းကို Staff လို့ ခေါ်ပါတယ်။ အောက်ကပုံမှာ ကြည့်ပါ။

 

 



နုတ် (Notes) တွေကတော့ ဒီလို အလုံးကလေးတွေနဲ့ပြပါတယ်။

 

Clef Signs

အဲဒီ Staff ပေါ်မှာ နုတ်တွေ ရေးလိုက်ရုံနဲ့ ဘာသံရယ်လို့ သတ်မှတ်လို့ မရသေးပါဘူး။ အဲဒီ Staff တွေကို အမျိုးအစား ထပ်ခွဲပါတယ်။ ဘယ်လိုခွဲ သလဲ ဆိုတော့ အဲဒီ Staff ပေါ်မှာ Clef လို့ ခေါ်တဲ့ သင်္ကေတ တခုကို ထည့်ရပါတယ်။ အဲဒီ Clef Sign ပေါ်မှာ မူတည်ပြီးမှ Staff ပေါ်မှာ ရှိတဲ့ အသံတွေကို သတ်မှတ်လို့ရပါတယ်။ Clef Sign တွေက ဒီလို ပုံတွေပါ။

 



ဒီ Clef Sign တွေရဲ့ နာမည်က အောက်ပါအတိုင်းဖြစ်ပါတယ်။

အဲဒီ Clef တွေကို Staff ပေါ်တင်လိုက်တဲ့အခါမှာ Staff ကို တင်ထားတဲ့ Clef ရဲ့ နာမည်အတိုင်းခေါ်ပါတယ်။ ဥပမာ - Treble Clef ကို ရေးထားရင် Treble Staff ပေါ့။ Clef Sign ဟာ အလွန်အရေးကြီးပါတယ်။ Staff ပေါ်မှာရှိတဲ့ Notes တွေဟာ Clef အပေါ်မူတည်ပြီး အပြောင်းအလဲ ရှိတာမို့ Clef မပါရင် ဘာမှ အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒီ သင်ခန်းစာကတော့ ဂီတာအတွက် ရည်ရွယ်တာမို့ ဂီတာမှာ အဓိက သုံးတဲ့ Treble Clef ကိုပဲ အဓိကထားပြီး ရေးသားသွားပါ့မယ်။ Bass Clef ကိုလည်း သိထားဖို့လိုအပ်တဲ့အတွက် အနည်းငယ် ပြောရမှာဖြစ်ပါတယ်။ ဂီတာသမားများ အတွက် C-Clef ကတော့ သဘောလောက်သိထားရင် လုံလောက်ပြီဖြစ်ပါတယ်။ သူက Wind Instrument တွေဖြစ်တဲ့ Trombone, Bassoon နဲ့ String instrument ဖြစ်တဲ့ Viola, Violincello တွေမှာ အသုံးများတာကြောင့် ဂီတာသမားများ သိဖို့ သိပ်မလိုအပ်လှပါဘူး။ တခြားကျန်တဲ့ Clef တွေကတော့ Neutral Clef နဲ့ Tablature ပဲဖြစ်ပါတယ်။ Neutral Clef ကတော့ Percussion Instrument တွေအတွက် တီထွင်ထားတာ ဖြစ်ပြီး Note ရယ်လို့ အထွေအထူး မပါသလို အဓိက Clef တွေဖြစ်တဲ့ G, F, C -Clef တွေနဲ့လည်း အသုံးချပုံ မတူတာကြောင့်ရယ်၊ Tablature ကလည်း အများစုသိပြီးဖြစ်တာရယ်ကြောင့် ဒီမှာ မပြတော့ပါဘူး။

 

ဆက်ပါဦးမယ် ..

 .

Post a Comment

0 Comments