Home Recording Studio (Music Producer တစ်ယောက်အနေနဲ့ တကယ်လိုအပ်ပါတယ်)
သီချင်းဖန်တီးသူတိုင်းရဲ့အိမ်မက် တစ်ခုကတော့ Home Recording Studio တစ်ခုရှိဖို့ပါပဲ။
Mixers တွေ၊ Analog Synths တွေ၊ Desktop Monitor ကောင်းကောင်းတွေ၊ Midi ကောင်းကောင်းတွေ။
Controller ကောင်းကောင်းတွေရှိတဲ့ဟာမျိုးပေါ့။
တကယ်တမ်းပြန်တွေးကြည့်တော့ အဲ့လိုမျိုး တွေကကုန်ကျစရိတ်များတော့ သာမန်လူတစ်ယောက်အခက်အခဲဖြစ်ပါတယ်။
(ကျတော်ဆီမှာ မိဘကအားမပေးတဲ့သူတွေဆိုပိုဆိုးပါတယ်)
အခုဆိုရင် အိမ်မှာရှိတဲ့ အိပ်ရာဒါမှမဟုတ်၊ အသံလုံတဲ့ အခန်းတစ်ခန်းက ကိုယ့်ရဲ့ Studio လို့သတ်မှတ်ပြီး အသံသွင်း/ဖမ်းလုပ်ကြတယ်။
အဲ့ဒါဆိုရင် Studio ကတကယ်လိုအပ်တာလား၊ အသံလုံတဲ့အခန်းတစ်ခန်းကို သုံးပြီးသွင်းလို့ရောမရဘူးလား?...
- Studio တစ်ခုမှာသုံးတဲ့ ပစ္စည်းတွေက ဒဏ္ဏာရီဆန်ပါတယ်။အိမ်မက်ဆန်ပါတယ်။
- Music ကောင်းကောင်းဖန်တီးမယ်ဆိုရင် အဓိကလိုအပ်တဲ့ အရာသုံးခုရှိပါတယ်။
- Studio အမျိုးအစား တွေကိုယ်တက်နိုင်တဲ့အပေါ်မူတည်ပီး အမျိုးမျိုးရှိပါသေးတယ်။
- edm သမားတစ်ယောက်အတွက် ဘယ်လို studio မျိုးရှိသင့်လဲ၊
- ဂစ်တာအစစ်တွေ၊ piano အစစ်တွေကောတကယ်လိုအပ်ရဲ့လား၊
Studio အမျိုးအစား သုံးခု
တစ်ခုမဖန်တီးခင်မှာ ကိုယ်က ဘယ်လောက်တန်ပစ္စည်းတွေဝယ်မလဲဆိုတာကို အရင်စဥ်စားရပါမယ်၊
"တကယ်တော့ Home recording studio ဆိုတာမရှိပါဘူ၊ သင်ကိုယ်တိုင်ဖန်တီးခဲ့တဲ့ Studio ပဲရှိပါတယ်" တဲ့။
ပြောချင်တာ Studio တိုင်းကတူတူပဲလို့ပြောချင်တာ။
လူတိုင်းမှာလိုအပ်ချက်၊ ပတ်ဝန်းကျင်၊ ထောက်ပံ့ပေးနိုင်မှု၊ အစသဖြင့်မတူညီကြပါဘူး။ ဒါကြောင့်မို့ ကိုယ်တက်နိုင်တာက ကိုယ့်အတွက်အကောင်းဆုံးပါပဲ။
Studio အမျိုးအစားသုံးခုကတော့
1. The Minimum Viable Studio(အသေး)
2. The Average Studio(သာမန်)
3. The Veteran Super-studio(အကြီး)
The Minimum Viable Studio
Music ဖန်တီးဖို့အတွက် ပစ္စည်းတွေအများကြီးလိုတယ်ဆိုတာကိုမယုံပါနဲ့။
minimum viable studio မှာအဓိကကျတဲ့ သုံးခုရှိပါတယ်။
- ကွန်ပျူတာတစ်လုံး၊
- DAW software တစ်ခု(ဥပမာ fruity loop)၊
- ပြီးရင်တော့ နားကျပ်တစ်ခု၊
တစ်ခြားလိုအပ်တဲ့ plugin တွေကတော့ ကိုယ့်သုံးချင်တာကိုသုံးပေါ့။
ဒီလောက်ဆိုရင်တော့ အဆင်ပြေပါပြီ။
The Average Studio
ဒီမှာဆိုရင် standard equipment တွေထပ်ပါလာပါတယ်။
minimum viable studio မှာလိုအပ်တဲ့သုံးခုအပြင်
- Studio monitors(speakers တွေ)
- audio interface တစ်ခု
- MIDI keyboard တစ်ခု
- Microphone တစ်ခု
- Plugins တွေ
- Acoustic treatment တွေ
စသဖြင့် ထပ်လိုအပ်ပါမယ်။
The Veteran Super-studio
ဒါကကျတော့ production အကြီးစားဖြစ်သွားပါပီ။
လိုအပ်ချက်တွေ လည်းအရမ်းများသွားလို့ တစ်ချို့အခေါ်အဝေါ်တွေဆို မှတ်တောင်မမှတ်မိတော့ဘူး။
ပစ္စည်းတွေကတော့
- Analog synths and drum machines
- Modular/Eurorack setups
- Outboard compressors/EQs/rackmount gear
- MIDI Controllers
- Multiple sets of monitors
- Deliberately-engineered rooms
ဘယ် studio ကိုရွေးမလဲဆိုရင်တော့ အစဥ်တိုင်းပေါ့ စလုပ်တုန်းအသေး၊ ပြီးရင်အကြီး၊ ဒါပဲပေါ့။
edmprod.com မှဘာသာပြန်ဖေါ်ပြခြင်းဖြစ်ပါတယ်။
#FL Studio Myanmar
0 Comments