Rudiments and Theory of Music (7)



Rhythm

Staff ပေါ်မှာ note တွေ ရေးသားတာကိုသိပြီးတဲ့နောက်မှာ “Rhythm” အကြောင်း အနည်းငယ်ပြောလိုပါတယ်။ အရင်ပို့စ် Rudiments and Theory of Music (6) က သံစဉ်ကလေးကို ပြန်ကြည့်ပါ။ အဲဒီ သံစဉ်ရဲ့ နရီ (Rhythm) ကို ရေးချရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (Rhythm ကိုရေးတဲ့နေရာမှာ Melody မလိုအပ်တဲ့အတွက် Staff ရေးမပြတော့ပါဘူး။ Note တွေကိုသာ ရေးပြထားပါတယ်။)


ဒါဟာ ဒီသံစဉ်တခု ရဲ့ Rhythmic Pattern ပဲ ဖြစ်ပါတယ်။ အပေါ်က melody ပါတဲ့ Note နဲ့ ပြန်နှိုင်းယှဉ်ကြည့်ပါ။ မည်သည့် သီချင်းကိုမဆို ဒီသဘော အတိုင်း Rhythmic Pattern ရေးချလိုက်လို့ရပါတယ်။ ဒီတော့ Rhythm ဆိုတာဟာ သီချင်း ဆိုဖို့ Rhythm ဂီတာ တီးပေး နေတာ မဟုတ်ပါဘူး။ Rhythm Guitar တီးခြင်းမဟုတ်သလို မြန်မာပြည်မှာ အလွယ်တကူ Beat (cha cha, slow, 6/8, country အစရှိသဖြင့်) လို့ ခေါ်နေကြတဲ့ Rhythm Guitar တီးတဲ့ style တွေလဲ မဟုတ်ပါဘူး။ Rhythm ဂီတာ ဆိုတာက Accompaniment သာဖြစ်ပါတယ်။
ဒီတော့ Rhythm ဆိုတာဟာ သီချင်းတပုဒ်လုံးမှာပါတဲ့ ဘားတိုင်းမှာ ရှိနေတဲ့ Note တွေရဲ့ Value အစီအစဉ်ကို ပြောတာဖြစ် ပါတယ်။ အရေးကြီးတဲ့အပြင် အမှတ်မှားနေကြမှာစိုးလို့ အသေအချာ မှတ်ထားစေလိုပါတယ်။ ပိုပြီးရှင်းအောင် အောက်က ဥပမာ နှစ်ခုကိုကြည့်ပါ။
Piece A နဲ့ B မှာ ပါတဲ့ Note အလုံးတွေ ဟာ ဘားတိုင်းမှာ အကုန်တူပါတယ်။ C - CD - E - C | D - ED - C -|| ချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Rhythm မတူပါဘူး။ အောက်ကပုံကိုကြည့်ပါ။
ဒီလို Rhythmic pattern မတူတဲ့အတွက် တီးကြည့်လိုက်ရင် အလုံးတွေ တူသော်ငြားလည်း မတူကွဲပြားတဲ့ သံစဉ်ကို ရရှိမှာ ဖြစ်ပါတယ်။ အောက်က ပုံစံ (၂)ခု ကို ဆက်ကြည့်ပါ။
ဒီပုံစံမှာ ပြထားတဲ့ Piece C နဲ့ D ကတော့ အလုံးတွေ မတူပါဘူး။ ဒါပေမယ့် သူတို့ရဲ့ Rhythm က အတူတူပါဘဲ။ အောက်က ပုံမှာကြည့်ပါ။
ဒီမှာတော့ အလုံးတွေ မတူပေမယ့် Rhythm တူတဲ့အတွက် တီးကြည့်လိုက်ရင် နီးစပ်ဆင်တူတဲ့ ခံစားမှု တခုကို ရရှိပါလိမ့်မယ်။
ဒါလောက်ဆို Rhythm နဲ့ ပတ်သက်လို့ ရှင်းလောက်ပြီလို့ ထင်ပါတယ်။

Post a Comment

0 Comments