Rudiments and Theory of Music (9)



Dotted Notes and Rests

အစက်လေးတစက် (Dot) ကို note တလုံးရဲ့ နောက်မှာ ကပ်လျက်ထည့်လိုက်ရင် အဲဒီ note ကို Dotted Note လို့ ခေါ်ပါတယ်။ Dot ဟာသူထည့်လိုက်တဲ့ note ရဲ့ တန်ဖိုး တဝက်နဲ့ ညီပါတယ်။ ဒါကြောင့် ဒီလို ထည့်လိုက်ရင် အဲဒီ note ရဲ့ တန်ဖိုးဟာ တဝက် (တနည်းအားဖြင် တစ်ဆခွဲ) ထပ်ပြီး တိုးသွား (အသံရှည်သွား) ပါတယ်။ ဥပမာ Minim တလုံးကို Dot ထည့်လိုက်ရင် မူလ Minim တန်ဖိုး က Crochet ၂လုံး၊ နောက်ထပ် Dot ရဲ့ တန်ဖိုးက Minim ရဲ့ တဝက် ဆိုတော့ နောက်ထပ် Crochet ၁ လုံးဖြစ်တဲ့အတွက် စုစုပေါင်း Crochet ၃လုံး စာ ရှိသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ note တွေပဲ ဖြစ်ဖြစ်၊ Rest တွေပဲဖြစ်ဖြစ်ဟာလည်း ဒီသဘောတရားအတိုင်းပဲ ဖြစ်ပါတယ်။ အောက်က ဥပမာကိုကြည့်ပါ။
Dot ကိုရေးတဲ့အခါ Line Note တွေအတွက် ဆိုရင် Note Head ရေးထားတဲ့ Line ရဲ့ အပေါ်ကပ်လျှက် Space မှာ ရေးရမှာ ဖြစ်ပါတယ်။ Space Note တွေအတွက် ဆိုရင် အဲဒီ Note Head ရှိတဲ့ Space မှာ ရေးရမှာ ဖြစ်ပါတယ်။ အောက်က ဥပမာမှာ Dotted Note တွေရဲ့ ရေးသားပုံနဲ့ တီးဖို့ပုံစံကို ပြထားပါတယ်။
ဒီတော့ Dot တခု အစား နှစ်ခု ထည့်လိုက်ရင်လည်း ဒီသဘောတရားအတိုင်းပဲ ဆက်ယူရပါမယ်။ အဲဒီတော့ Dot နှစ်ခု ထည့်လိုက်ရင် အဲဒီ Note ဟာ နောက်ထပ် အသံ လေးပုံသုံးပုံ (၇၅%) ထပ်ရှည်လာပါမယ်။ ဥပမာ Minim တလုံးကို Double Dot ထည့်လိုက်ရင် မူလ Minim တန်ဖိုး က Crochet ၂လုံး၊ ပထမ Dot ရဲ့ တန်ဖိုးက Minim ရဲ့ တဝက် ဆိုတော့ နောက်ထပ် Crochet ၁ လုံး၊ ဒုတိယ Dot ရဲ့ တန်ဖိုးက ပထမ Dot ရဲ့ တဝက် ဆိုတော့ နောက်ထပ် Quaver ၁ လုံး ဖြစ်တဲ့အတွက် စုစုပေါင်း Crochet ၃လုံး နဲ့ Quaver ၁လုံးစာ (သို့မဟုတ် Quaver ၇လုံးစာ) ရှိသွားမှာဖြစ်ပါတယ်။ Minim နဲ့ Crochet အတွက် အောက်က ဥပမာမှာ ပြထားပါတယ်။ ကျန်တဲ့ note တွေနဲ့ Rest တွေအတွက်လည်း ဒီသဘောတရားအတိုင်းပဲ ဖြစ်ပါတယ်။
Triple Dot တွေ့ခဲ့ရင်လည်း ဒီအတိုင်းပဲ ဆက်တွက်သွားလိုက်ပါ။ Dotted Rest တွေကတော့ တွေ့ရခဲပါတယ်။ Compound Time တွေဖြစ်တဲ့ 6/8 တို့ 9/4 တို့ တွေမှာပဲ အတွေ့များပါတယ်။ ဒါပေမယ့် တွေ့လာရင်လည်း ဒီလိုပဲ မှတ်ယူရပါမယ်။
ဒါဆိုရင် Dotted Note တွေနဲ့ Rest တွေအကြောင်း ရှင်းသွားလောက်ပါပြီ။

Post a Comment

0 Comments